ဖြစ်စင်အစအဆုံးရှိပါတယ် ဘေးနားမှာကျွန်နော်အောင်မင်္ဂလာအဝေးပြေးကားဝင်းအဝမှာ ဆိုင်ကယ်ဖမ်းတယ်စီးလာတဲ့အဲ့အကိုကိုခုရဲကတားတယ် အဲ့အကိုကသူ့ဘေးဘက်ခြမ်းမှာဆိုင်ကယ်ကိုကျော်ပြီးရပ်ပေးမို့လုပ်တယ် အဲ့ဒါကိုရဲကဆွဲလှဲပြီးထိုးပစ်လိုက်တယ် ဆိုင်ကယ်ကိုသိမ်းထားလိုက်တယ် နောက် ၂၀ မိနစ်အကြာမှာဘာလို့ထိုးတာလည်းမေးရင်းကနေ မရပ်ပေးလို့ထိုးတယ်ကွာဆိုပြီးထပ်ထိုးတယ် အဲ့အကိုကလည်းပြန်ထိုးတယ် ယူနီဖောင်းဝတ်ထားတဲ့ရဲကိုပြန်ပြောခွင့်ပြန်လုပ်ခွင့်မရှိဘူးဆိုပြီးလက်ထိတ်နဲ့ခေါင်း၊နထင်တွေရိုက်တယ် ထိုးတယ်မြင်တဲ့အတိုင်းပဲ ဘယ်သူမှားတယ်မှန်တယ်ဆိုတာမပြောတော့ဘူး ယူနီဖောင်းဝတ်ထားရင်အဲ့လိုထိုးကျိတ်လို့ရလားပဲမေးချင်တယ်…။

ဖယ်ရီးကားနှင့်YBS 92 တိုက်မှု့ဖြစ်ပွား..13-6-2019 မနက်10:00 ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အမှတ်၃လမ်းမ ပုလဲလမ်းဆုံအနီးတွင် ဖယ်ရီကားမှ ဖြတ်ကွေ့ရာ အမှတ်၃လမ်းမအတိုင်းထောက်ကြံ့မှမြောက်ဥက္ကလာသို့မောင်းနင်လာသော YBS92မှဝင်တိုက်မိခဲ့ပါသည်။ YBSပေါ်ပါလာသူ ခရီးသည် အမျိုးသားတဦး အမျိုးသမီး (၃)ဦး ဦးခေါင်းဖူးရောင်းခြေလက်နာဒဏ်ရာများရရှိပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အရေးပေါ်လူနာတင်ယာဉ်(၂)စီးဖြင့်ကူညီမှု့ဆောင်ရွက်ပြီး မေဓါဝီဆေးရုံသို့ပို့ဆောင်ကူညီနေပါသည်။ ပုလဲအရန်မီးသတ်တပ်ဖွဲ့ 09962233772/09775533383

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်စံပြကျေးရွာ၌ ဝက်သားဖြင့် ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် ၁၆ဦး တရားစွဲခံရကြောင်း တရားစွဲဆိုခံရသူ ဦးသားငယ်မှ RND အေဂျင်စီသို့ ပြောတယ်။ လွန်ခဲ့သော ၃လခန့်က ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၉)ဦးကို ကလေးမြို့နယ် စည်ပင်မှ တရားစွဲမယ် လုပ်တယ်။ (၁၉)ဦးထဲက (၃)ဦးကို ပယ်လိုက်ပြီး၊ ကျနော့်အပါအဝင် (၁၆)ဦးကို တရားစွဲတယ်။ ဘာကြောင်း တရားစွဲခံရတယ် ဆိုတာတော့ ကျနော့်တို့က တောသူတောင်သားမို့ ဥပဒေ အကြောင်း သိတော့ မသိဘူး။ ကြားသိသလောက်တော့ ဝက်လိုင်စင်ရထားတဲ့သူက စည်ပင်ကို တိုင်ပြီး တရားစွဲခိုင်းလို့ နေမှာပေါ့၊ ကလေးတရားရုံးမှာ (၅)လပိုင်း ၂၀ရက်နေ့၊ (၆)လပိုင်း ၇ရက်နေ့ ရုံးချိန်Continue Reading

(၁)တန်းကျောင်းသူလေးအား(၉)တန်းကျောင်းသားမှကာမကျင့်ကြံမှု့ဖြစ်ပွား ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အင်ပင်မြို့အထကကျောင်းတွင်ပညာသင်ကြားနေသူအင်ပင်မြို့အမှတ်(၃)ရပ်ကွက်တွင်နေထိုင်နေသည့် ဒေါ် —သမီးဖြစ်သူ မ —(၁)တန်းကျောင်းသူ မှာ(4-6-2019)နေ့ကျောင်းတက်နေချိန်၎င်းမိန်းကလေးငယ် မ – –မှာတခြားမိန်းကလေးငယ်အဖော်တဦးနှင့်ကျောင်းအိမ်သာသို့သွားရာအဖော်ဖြစ်သူမိန်းကလေးငယ်မှ အရင်ပြန်နှင့်ရာ တစ်ဦးတည်းကျန်နေစဉ် (၉) တန်းကျောင်းသား တရပ်ကွက်ထဲနေ ဟိန်းမင်းဝေဆိုသူမှရောက်လာပြီး မိန်းကလေးငယ်အားပါးစပ်ပိတ်၍ အိမ်သာထဲခေါ်ဆောင်သွားပြီး မိန်းကလေးငယ်၏ မိန်းမကိုယ်နောက်ပေါက်အားကျင့်ကျန်ခဲ့သည်ကိုကျောင်းဆင်းချိန် မိန်းကလေးငယ်၏ မိခင်မှကျောင်းသို့သမီးဖြစ်သူ မ အား လာရောက်ကြိုပြီးအိမ်ပြန်ရောက်ချိန်သမီးလုပ်သူမှထမင်းစားခြင်သည်ဆို၍ထမင်းစားပြီးရေချိုရန်အဝတ်အစားချွတ်၍အိမ်သာတက်ခြင်သည်ဆိုကာအိမ်သာသွားတက်ရာမ – မှအမေရေလာပါအုံးသမီး သွေးတွေထွက်နေသည်ပြောရာမိခင်မှသွေးတွေမြင်၍လန့်ဖြန့်ပြီးရေဆေးချလိုက်သည် သမီးဖြစ်သူအားမေးမြန်းရာကိုကိုမှသမီးဟာကိုလုပ်သည်ဟုပြောသည်မိခင်မှကြားသိပြီးနောက်တနေ့ကျောင်းလိုက်ပို့ရာကျောင်းနားမှဆိုင်ကယ်ဆိုင်တွင် တရပ်ကွက်ထဲနေ(အဖ)ဦးနိုင်ဝင်း၏သား ဟိန်းမင်းဝေ ကို မ — -မှတွေ့သွားပြီးမိခင်အားသမီးကိုလုပ်တာအဲ့ဒီကိုကိုပေါ့လို့ပြောပြသဖြင့်မိခင်လုပ်သူမှာသိရှိခဲ့ရသည် (5-6-2019)နေ့တွင်စာသင်ကျောင်းသို့သွားရောက်ပြီးအတန်းပိုင်ဆရာအားမိခင်လုပ်သူမှပြောပြရာအတန်းပိုင်ဆရာကျောင်းအုပ်ဆရာနှင့်တခြားဆရာမများပါမ – -အားမေးမြန်းရာအခင်းဖြစ်ပွားပုံအစအဆုံးပြောပြပြီးအခင်းဖြစ်ပွားရာနေရာသို့လည်းလိုက်လံပြသခဲ့သည် မ – – မှာနာကျင်လာသဖြင့်ဆရာမမှာဆေးဝယ်တိုက်ရန်မိခင်လုပ်သူမားပိုက်ဆံ (500)ရာကျပ်ထုတ်ပေးရာမိခင်မှမိမိမှာပါသည်ဆို၍ဆေးထွက်ဝယ်ပြီး မ – အားတိုက်ခဲ့ရသည်Continue Reading

ပရိပ်သတ်ကြီးရေ။မိဘမေတ္တာဆိုတာအနှိုင်းမဲ့ပါပဲတဲ့။အချို့ကတော့မိမိတို့သားသမီးတွေကိုပညာတတ်လူရည်ချွန်ကြီးဖြစ်စေချင်ကျတယ်။တစ်ချို့ကတော့မိမိသားသမီးတွေကိုတိုက်ကြီးကြီး၊ကားအကောင်းစားကြီးတွေနဲ့အောင်မြင်တဲ့သူတစ်ယောက်အဖြစ်မြင်ချင်ကျတယ်။ အခုဒီဗီဒီယိုလေးထဲမှာသားလေးဆယ်တန်းကိုဂုဏ်ထူးလေးဘာသာနဲ့အောင်မြင်ခဲ့တဲ့အပျော်လွန်နေတဲ့မိခင်တစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။လောကကြီးမှာမိမိအငတ်ခံပြီးသားသမီးတွေပညာရေးအတွက်ကြိုးစားပြီးထောက်ပံ့ပေးနေတဲ့သူတွေလည်းရှိပါတယ်နော်။ မိဘမေတ္တာဆိုတာအနှိုင်းမဲ့ပါပဲတဲ့။အချို့ကတော့မိမိတို့သားသမီးတွေကိုပညာတတ်လူရည်ချွန်ကြီးဖြစ်စေချင်ကျတယ်။တစ်ချို့ကတော့မိမိသားသမီးတွေကိုတိုက်ကြီးကြီး၊ကားအကောင်းစားကြီးတွေနဲ့အောင်မြင်တဲ့သူတစ်ယောက်အဖြစ်မြင်ချင်ကျတယ်။အခုဒီဗီဒီယိုလေးထဲမှာသားလေးဆယ်တန်းကိုဂုဏ်ထူးလေးဘာသာနဲ့အောင်မြင်ခဲ့တဲ့အပျော်လွန်နေတဲ့မိခင်တစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ပရိပ်သတ်ကြီးလည်းဗီဒီယိုထဲကအန်တီနဲ့အတူပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်နော်။

ဆယ်တန်းစာမေးပွဲဆိုတာ ဘဝမှာ အရေးကြီးတာမှန်ပေမယ့် ဒီစာမေးပွဲတခုတည်းကပဲ ဘဝကို အဆုံးအဖြတ်ပေးတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ မြန်မာတနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲ ပထမရ ၆ ဘာသာဂုဏ်ထူးရှင် မောင်ကျော်လင်းသန်းက ပြောပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ပထမဆုရှင် မောင်ကျော်လင်းသန်းကို ဒီဗွီဘီသတင်းထောက် ထက်လူက တွေ့ဆုံမေးမြန်းထားတာ ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

‘‘အဲဒီအသံဖိုင်ကို ဆက်မဖွင့်ပါ နဲ့တော့’’ ကင်ဆာရောဂါသည် ဒေါ် သန်းသန်းနု၏ ငိုသံပါဖြင့် တားဆီး လိုက်သည့် အသံက အညာမြို့ လေးတစ်မြို့မှ အိမ်လေးတစ်လုံး ထဲတွင် ဟိန်းနေအောင် လွင့်ပျံ့ ထွက်လာသည်။ သေလုမျောပါး ဖြစ်နေသော သားဖြစ်သူက သူ့ ဝေဒနာကို ညည်းတွားရင်ဖွင့်နေ သည့် ရှစ်မိနစ်စာ အသံဖိုင်ကို ဆက်လက်နားထောင်ရန် မိခင် ဖြစ်သူ ဒေါ်သန်းသန်းနုမှာ ခံနိုင် ရည်မရှိတော့။ ထို့ကြောင့် အသံ ဖိုင်ဖွင့်ထားသည့် ဖုန်းကို ပိတ် ပစ်လိုက်ရန် အလျင်စလို အော် ပြောခြင်းဖြစ်သည်။ မိဘအပေါ် သိတတ်သော သားလိမ္မာ၏အဖြစ်ဆိုးကို သတိမရမိအောင် ကြိုးစားနေသော ကင် ဆာရောဂါဝေဒနာရှင် အမျိုးသမီး ကြီးContinue Reading

တက္ကသိုလ်ဝင်စာမေးပွဲ(၂၀၁၈ – ၂၀၁၉ ) ခုနစ်အောင်စာရင်းကို မနေ့က ၈.၆.၂၀၁၉ မှာ ကျောင်းသားကျောင်းသူတွေ သိရှိခဲ့ကြတာပဲဖစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘဝတစ်ခုရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ့် အထိမ်းအမှတ်တစ်ခုဆိုလည်းမမှားပါဘူးနော်။ အောင်မြင်တဲ့သူတွေရှိသလိုကျရှုံးတဲ့သူများလည်းရှိခဲ့ ကြပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မှုတွေ ခံစားခဲ့ ကြရတာက ကျောင်းသားကျောင်သူတွေသာမက မိဘတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေထဲက မြန်မာသံစဉ် တေးရေးတေးဆို သျှန်ထွန်း ( မြန်မာစာ) ရဲ့ သမီးလေးလည်းအပါအဝင်ပဲ ဖြစ်ပါတယ်။ နှစ်ချင်းပေါက်အောင်မြင်ခဲ့ပေမယ့် ဂုဏ်ထူးမပါလို့ စိတ်မကောင်း ဖြစ်နေတယ့်သမီးလေးကို ” ထမင်းတစ်လုပ်ကျွေးဘို့တေးတစ်ပုဒ်ရေးကာ အလေးထားလို့ငွေရှာမအား သားနဲ့သမီးအတွက် မငြီးရက်ခဲ့ဘူး။ထီးတစ်လက်ဖြစ်ကာအေးမြလာချိန် အဖေအိမ်မှာရှိချင်မှရှိတော့မယ်။အနုပညာဆည်းဆာရိပ်မှာ တီးကာတိတ်ဆိတ် တေးချင်းဆက်ကာရေးလို့ပေါ့ ။ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတဲ့အချိန်တွေ ငွေတွေ ပူပန်မှုတွေ ကင်းစေခဲ့ပြီချစ်တဲ့သမီးContinue Reading

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူများစာရင်း တက္ကသိုလ် ဝင်တန်းစာမေးပွဲ ကို တနိုင်ငံလုံးအတိုင်အတာအရသည်ကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံး အမှတ် အများဆုံး ဆုကိုတော့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်၎ အခြေခံ ပညာ အထက်တန်းကျောင်း က ရရှိတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆု ရှင် မောင်ကျော်လင်းသန်း က ဓာတု၊ ရူပ၊ ဇီဝ ဘာသာတွဲ နဲ့ ဖြေဆို အောင်မြင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ရမှတ် ၅၅၅ မှတ်ရရှိထားပါတယ်။တစ်နိုင်ငံလုံးဒုတိယ အမှတ်အများဆုံး ဆုကိုတော့ အထက၁ ဒဂုံက ရရှိတာ ဖြစ်ပြီး ဒုတိယ ဆုရှင် မောင်ကောင်းထူးသန့် ကတော့ အမှတ်ပေါင်းContinue Reading

တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်နဲ့ စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ပဋိညာဉ်စာတမ်းနှင့်အညီ စိစစ်ရွေးချယ်သည့် စနစ်ထားရှိရေး ပြဋ္ဌာန်းချက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်နေတယ်လို့ ပညာရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မနေ့ကကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်က အခြေခံပညာ ၁၀ တန်းစာမေးပွဲရမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်တာကြောင့် အခြေခံပညာကလေးတွေရဲ့ လက်တွေ့ဘဝဖွံ့ဖြိုးမှုကို ထိခိုက်နေတဲ့အပေါ် ပြောင်းလဲဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာပါ။ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်ဝင်ခွင့်နှင့်စပ်လျဉ်း၍ အမျိုးသားပညာရေးဥပဒေ အခန်း (၃) ပုဒ်မ ၄ တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့်တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ် လျှောက်ထားခွင့်ရှိပြီးContinue Reading

မြန်မာတစ်ပြည်လုံး အမှတ်အများဆုံးရတဲ့ သူ မောင်ကျော်လင်းသန်းနဲ့ တိုက်ရိုက် အင်တာဗျူး  

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှာ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကျဉ်းသား အကျဉ်းသူ ၇၁ ဦး ဖြေဆိုရာမှာ ၃၇ ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးရှိပြီး ယခင်နှစ်ကထက် အောက်ချက်ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ မန္တလေးအိုးဘို အကျဉ်းထောင်ကနေ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၁ ဦး ရှိခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးထွက်ရှင်တဦးအပါအဝင် ၇ ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၇ –Continue Reading

တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၉၄ ယောက် ရှိပြီး ဂုဏ်ထူးရသူ ၄၁ ယောက်ရှိပါတယ်။ မနှစ်ကထက် ဖြေဆိုသူများလာသလို အောင်မြင်သူနဲ့ ဂုဏ်ထူးရသူလည်း များလာခဲ့တာပါ။ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ၃ ဘာသာ ဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၆ ယောက်၊ တဘာသာဂုဏ်ထူး ၂၁ ယောက်၊ ရိုးရိုးအောင်သူ ၅၃ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ အင်းစိန်၊ မန္တလေး၊ ဘားအံ၊ လွိုင်ကော်၊ မြိတ်၊ တောင်ငူ၊ ကသာ၊ သရက်၊ မုံရွာထောင်တို့ကနေ အကျဉ်းသား၊ အချုပ်သား ၁၇၁ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။ အင်းစိန်ထောင်ကContinue Reading

မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးရသူ အချို့ စာမေးပွဲအောင်ကြောင်း ကြားသိရလို့ ယာဉ်ထိန်းရဲတွေ ၀မ်းသာနေကြပါတယ်။ စာမေးပွဲကဒ်မေ့ကျန်ခဲ့လို့၊ စာမေးပွဲအချိန်မှီအောင်လို့ စတဲ့ ကိစ္စတွေ နဲ့ ကျောင်းသား/သူ တွေကို မီးတန်းဆိုင်ကယ်၊မီးတန်းကားတွေ နဲ့ လိုက်ပို့ပေးခဲ့ရတာမှာ အဲဒီလိုလိုက်ပို့ပေးခဲ့သူတွေထဲကအချို့ ကျောင်းသား/သူတွေ ယနေ့ စာမေးပွဲအောင်ကြောင်း ကြားရတဲ့ အတွက် ၀မ်းသာနေရသလို၊ စာမေးပွဲမအောင်တဲ့ သူတွေလည်း အားမလျှော့ဘဲ ကြိုးစားကြဖို့ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်)က တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ ”စာမေးပွဲအောင်မြင်တဲ့ ကလေးတွေအတွက် ထပ်တူ ၀မ်းသာပါတယ်။ အောင်မြင်မှုမရတဲ့ ကလေးတွေလည်း ဆက်လက်ပြီးကြိုးစားကြပါ”လို့ အမှတ်၇ ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ ရန်ကုန်အနောက် မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲContinue Reading

ဝိဇ္ဇာဘာသာတွဲ – မသဇင်ဝင်း၊ ရမှတ်စုစုပေါင်း ၄၉၃ (အထက၊ ကောက်တဲ့ရိုး၊ ကျုံပျော်၊ ဧရာဝတီတိုင်းဒေသကြီး) ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ် တောက်တဲ့ရိုးက ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၀ိဇ္ဇာဘာသာတွဲ မှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့သူ မသဇင်ဝင်းက ပြင်ပ ကျူရှင် မယူခဲ့ဘဲ အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ မိဘတွေက ဘီဘီစီကို ပြောပါတယ်။      

ယနေ့ ဒသမတန်း အောင်စာရင်းတွေထွက်ရှိပါသည်။ဗုဒ္ဓစာပေ သင်ယူဖို့သာသနတာဝန် ထမ်းရွက်ဖို့ရဟန်းပြုလာသူ… ထီးလင်းမြေမှ မောင်အောင်ကောင်းဆက်။၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းမှာ မလ -၄၁၂ ခုံအမှတ် -ဘာသာစုံ ဂုဏ်ထူးဖြင့် မလှိုင် မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှအောင်မြင်ခဲ့ပေပြီ။ ထီးလင်းမြို့နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်လို့အတိုင်းမသိဂုဏ်ယူဝမ်းမြောက်ပါတယ်။ထို့ ထက်ပို၍ ဂုဏ်ယူ ဝမ်းမြောက်မိသည်မှာအောင်စာရင်း မထွက်ခင်ကပင်ပြတ်ပြတ်သားသား သာသနဝန်ထမ်းအဖြစ်ခံယူ၍ရှင်ကုဏ္ဍလ အဖြစ် စစ်ကိုင်း မြစကြာ စာသင်တိုက်တွင်ဗုဒ္ဓစာပေများကို သင်ယူနေမှုပင် ဖြစ်ပါသည်။လောင်းမြတ်ဝေဿန္တရာ ထုံး နှလုံးမူ၍သာသနာတော်အားလူကို (တနည်း) ထူးချွန်လိမ္မာသော သားကို လှူရဲ လှူဝံ့ပါသော မိဘများ၏ စိတ်စေတနာကိုလည်းသာဓုခေါ်မိပါ၏။ သက်ဆုံးတိုင်ကျန်းမာ ချမ်းသာ ကြည်နူးစွာဖြင့်သာသနဝန်ထမ်းကောင်းရှင်ရဟန်းမြတ် ဖြစ်ပါစေ။ ထပ်တူဝမ်းသာလျက် ဓမ္မစက်ဝန်း။