မြင်ရခဲလှတဲ့ ဇာတ်မင်းသားဇာတ်ရုပ်နဲ့ အသွင်ဆန်းစွာမြင်တွေ့ရတော့မယ့် မြင့်မြတ်

နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် သရုပ်ဆောင်တဲ့ နေရာမှာ အရမ်းကို ပိုင်ပိုင်နိုင်နိုင်နဲ့ပီပြင်စွာ သရုပ်ဆောင်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ နေရာမှာ ဇာတ်ရုပ်မရွေးဘဲ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ပြသ ပေးနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ယခုဆိုရင် အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ နေရာကို အပိုင်စားရရှိထားခဲ့ရပြီပဲဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ လူကြီး လူငယ်၊ ယောက်ျားမ မရွေးဘဲ အားလုံးသော ပရိသတ်တွေက ချစ်ခင်နေခဲ့ကြရတဲ့ မင်းသားချောလေး တစ်ယောက်ပါ။ အားလုံးသောသူတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားခဲ့ရတဲ့ မြင့်မြတ်ကတော့ ယခုဆိုရင် ပြင်ဦးလွင်ဘက်မှာ ရိုက်ကူးရေးလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးပုံဖော်နေတဲ့ ရုပ်ရှင်ကားကြီးမှာ တစ်ခါမှမမြင်ဘူးရသေးတဲ့ ပုံစံမျိုးနဲ့ ပြန်လည်မြင်တွေ့ရတော့မယ့် မြင့်မြတ်ရဲ့ ရိုက်ကွင်းပုံရိပ်လေးကလည်း အရမ်းကို သဘောကျ ကြည်နူးစရာကောင်းလွန်းတာမို့ ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးပုံဖော်ပေးနေတဲ့ ရုပ်ရှင်ကားကြီးမှာ မင်းသမီးချော သုံးယောက်ဖြစ်တဲ့ ခိုင်သင်းကြည်၊ စမိုင်းလ်၊ အေးဝတ်ရည်သောင်း တို့နဲ့အတူ တစ်ခါမှမမြင်ဘူးသေးတဲ့ ဇာတ်မင်းသားဇာတ်ရုပ်နဲ့ မြင်တွေ့ရတော့မယ့် မြင့်မြတ်ရဲ့ ကာရိုက်တာတွေအတွက် အရမ်းကို စိတ်ဝင်စားနေပါပြီနော်။

မင်းသမီးသုံးယောက်နဲ့ အပြိုင်လန်းတော့မယ့် မင်းသားမြင့်မြတ်ကို သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ပရိသတ်ကြီးရေ။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေ ပျော်ရွှင်မှုရရှိအောင် ဖျော်ဖြေတင်ဆက်ပေးနေဆဲဖြစ်တဲ့ မြင့်မြတ်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *