သူငယ်ထောင်မှူနဲ့ အချုပ်ကျတယ်ဆိုပြီး စိုးပြည့်သဇင်ကို စနောက်နေတဲ့ ကျော်ကျော်

မင်းသားချော ကျော်ကျော်နဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်တို့ မောင်နှမနှစ်ယောက်ကတော့ ယခုဆိုရင် ” လူးလူးစိန်” ရုပ်သံဇာန်လမ်းတွဲမှာ အတူတူရိုက်ကူးပြီး သရုပ်ဆောင်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယခုအချိန်အထိ ဆက်လက်ရိုက်ကူးနေဆဲဖြစ်တဲ့ “လူးလူးစိန်” ဇာတ်လမ်းတွဲကတော့ ၃လလောက်ကြာသည့်တိုင်အောင် ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “လူးလူးစိန်” ဇာတ်လမ်းတွဲရဲ့ ကျန်ရှိနေသေးတဲ့ ဇာတ်ဝင်ခန်းတွေကို ဆက်လက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဒီနေ့ဇာတ်ဝင်ခန်းမှာ အမြဲတမ်းလွဲတတ်နဲ့ လူးလူးစိန်တစ်ယောက် အချုပ်ကျသွားတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။

ကျော်ကျော်က “သူငယ်ထောင်မှူနဲ့ ရိုစီနဲ့လူးလူးစိန်တို့ အချုပ်ကျ 😁😁😁” ဆိုပြီး စိုးပြည့်သဇင်နဲ့ ဧကရီစုစံကို စနောက်ထားပါသေးတယ်။

သနားပါတယ် လူးလူးစိန်လေးရယ်။

အချုပ်ထဲမှာ ဇာတ်လမ်းတွဲရိုက်ကူးနေရတဲ့ စိုးပြည့်ကို စနောက်နေတဲ့ ကျော်ကျော်တို့ အနုပညာရှင် မောင်နှမနှစ်ယောက်ကတော့ အမြဲတမ်း ပျော်ရွှင်နေတာပဲနော်။ ပရိသတ်ကြီးလည်း ကျော်ကျော်နဲ့ စိုးပြည့်တို့ အနုပညာရှင် မောင်နှမနှစ်ယောက်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်ချစ်ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *