မေမေချစ်သော သားကြီးရဲ့ နောက်ဆုံးစကား

‘‘အဲဒီအသံဖိုင်ကို ဆက်မဖွင့်ပါ နဲ့တော့’’

ကင်ဆာရောဂါသည် ဒေါ် သန်းသန်းနု၏ ငိုသံပါဖြင့် တားဆီး လိုက်သည့် အသံက အညာမြို့ လေးတစ်မြို့မှ အိမ်လေးတစ်လုံး ထဲတွင် ဟိန်းနေအောင် လွင့်ပျံ့ ထွက်လာသည်။ သေလုမျောပါး ဖြစ်နေသော သားဖြစ်သူက သူ့ ဝေဒနာကို ညည်းတွားရင်ဖွင့်နေ သည့် ရှစ်မိနစ်စာ အသံဖိုင်ကို ဆက်လက်နားထောင်ရန် မိခင် ဖြစ်သူ ဒေါ်သန်းသန်းနုမှာ ခံနိုင် ရည်မရှိတော့။ ထို့ကြောင့် အသံ ဖိုင်ဖွင့်ထားသည့် ဖုန်းကို ပိတ် ပစ်လိုက်ရန် အလျင်စလို အော် ပြောခြင်းဖြစ်သည်။

မိဘအပေါ် သိတတ်သော သားလိမ္မာ၏အဖြစ်ဆိုးကို သတိမရမိအောင် ကြိုးစားနေသော ကင် ဆာရောဂါဝေဒနာရှင် အမျိုးသမီး ကြီး ဒေါ်သန်းသန်းနုထံ တစ်ပူပေါ် တစ်ပူဆင့်စေသော ဖြစ်ရပ်က ဇွန်လ၏ ဒုတိယမြောက်နေ့က ကြုံတွေ့ခဲ့သည်။ မန္တလေး – မူ ဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် ဒေါ်သန်းသန်းနု၏ သားကြီးကို ဖက်တီး (ခေါ်) ဇာနည်အောင် တစ်ယောက် ကျွဲ၊ နွားတင်ဆောင် သော ကားမောင်းနှင်စဉ် လက် နက်ကိုင်တပ်ဖွဲ့တစ်ခုက သေ နတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့သည်မှာ တစ်လနှင့် တစ်ရက် တိတိ ပြည့်ခဲ့သည့်နေ့။ ထိုနေ့ည နေက ရွှေဘိုမြို့တွင် မိုးက သဲသဲမဲ မဲရွာနေပြီး ဒေါ်သန်းသန်းနု၏ အိမ်လေးထဲတွင် လူတစ်စုက စိတ်လှုပ်ရှားစွာ တိတ်ဆိတ်ငြိမ် သက်နေကြသည်။ အိမ်လေးထဲမှ လူငယ်တစ်ဦးက lock ချထား သော ဟန်းဆက်အဟောင်းတစ် လုံးဖြင့် အလုပ်ရှုပ်နေသည်။ လူအားလုံးက ယင်းဟန်းဆက်အပေါ်တွင် အာရုံစူးစိုက်နေသည်။ ထိုလူငယ်က ဟန်းဆက်ကို lock ဖွင့်လိုက်ပြီး အသံဖိုင် အဟောင်းတစ်ခုကို ဖွင့်လိုက်ရာ အိမ်လေးထဲတွင်ရှိနေသူအားလုံး မှင်တက်သွားတော့သည်။

‘‘အမေ၊ အမေရေ သားကိုသေနတ်နဲ့ ပစ်သွားပြီ’’

သားဖြစ်သူ၏ လွန်ခဲ့သော တစ်လကျော်က ပြောခဲ့သော အ သံကို ဖုန်းအသံဖိုင်အဟောင်းမှ တစ်ဆင့် ဒေါ်သန်းသန်းနု နောက်တစ်ကြိမ် ပြန်ကြားလိုက်ရချိန်တွင် မျက်ရည်များ တသွင်သွင်စီးကျလာသည်။ ဒေါ်သန်းသန်းနုက အံကိုတင်းတင်းကြိတ်ကာ အသံဖိုင်ကို ဆက်လက်နားထောင်နေမိသည်။

‘‘ရင်ဘတ်ကို မှန်တာ၊ သေ နတ်နဲ့ ပစ်သွားတာ၊ သီပေါမှာ’’ ဟု အမောဖောက်နေသည့် သားက မိခင်အားမနားတမ်းပြောနေ သည်။ လာကယ်နိုင်မည့်သူများ ကို အမြန်ဆက်သွယ်ရန်နှင့် စကားအများကြီး မပြောရန် ဒေါ်သန်းသန်းနုက ငိုသံပါဖြင့် အားပေးနေ သည်။

‘‘အသက်ရှူကျပ်တယ်။ အ မေ – အမေပြီးမှ ဖုန်းဆက်မယ်’’ ဟု အားယူ၍ ပြောသံကြားပြီး နောက် ဖုန်းချသွားကာ လူမှုရေး အဖွဲ့ထံ ဖုန်းခေါ်နေသံကြားရ သည်။ ဖုန်းပြန်ဆက်မလာ၍ ဖခင်ဖြစ်သူက ပြန်ခေါ်ခဲ့ရာ သားဖြစ်သူက သူခံစားနေရသည့် ဝေဒနာကို မိသားစုဝင်များအား ညည်းတွားရင်ဖွင့်နေသည်။ နောက်တစ်ကြိမ်ဆက်သော ဖုန်းသည် ရှစ်မိနစ်ခန့်ကြာခဲ့ပြီး ဇွန်လ ၂ ရက်က ယင်းအသံဖိုင်ကို ထပ်မဖွင့်တော့ရန် ဒေါ်သန်းသန်းနုက တားမြစ် ခြင်းဖြစ်သည်။

ကိုဖက်တီးနာရေးကို ရွှေဘိုမြို့ခံများ လိုက်ပါပို့ဆောင်နေစဉ် (ဓာတ်ပုံ – မောင်မောင်ဦး)

‘‘ဆက်နားထောင်မိရင် ငါရူးသွားလိမ့်မယ်လို့ သူ (ဒေါ်သန်း သန်းနု)က ပြောတယ်’’ ဟု ဒေါ် သန်းသန်းနု၏ ဆွေမျိုးတစ်ဦးက ဇွန်လ ၂ ရက် ညနေက မိသားစု အတွင်း ဖြစ်ရပ်ကို ပြန်ရှင်းပြ သည်။

အသံဖိုင်သည် မန္တလေး-မူ ဆယ်ပြည်ထောင်စု လမ်းပိုင်းတွင် ပါဝင်သော သီပေါမြို့နယ် ပန် စောက်မိန်းရွာနှင့် ဆွတ်လန်းရွာ ကြားလမ်းပိုင်း၌ မေလ ၁ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရ သော ကိုဖက်တီး (ခေါ်) ကိုဇာနည်အောင် မသေဆုံးမီ မိခင်ဒေါ် သန်းသန်းနုအား နောက်ဆုံးခေါ် ဆိုခဲ့သော အသံဖိုင်ဖြစ်သည်။ သားအမိနှစ်ဦး နောက်ဆုံးအကြိမ် စကားပြောခဲ့ရခြင်းလည်း ဖြစ် သည်။ ယင်းအသံဖိုင်ကို ကိုဖက် တီး၏ ဆွေမျိုးအချို့က လူမှုကွန် ရက်တွင် ဇွန်လ ၂ ရက် ညနေက တင်ခဲ့ရာ သားအမိနှစ်ဦး ငိုသံပါ ဖြင့် အပြန်အလှန် ပြောနေသည် ကို နားထောင်မိသူတိုင်းက ကရု ဏာသက်ကြသည်။ ကိုဖက်တီး သည်ရရှိသော ဒဏ်ရာကြောင့် မေလ ၁ ရက် ညတွင် သီပေါဆေး ရုံ၌ သေဆုံးခဲ့သည်။ ကိုဖက်တီး ကိုင်ဆောင်သောဖုန်းကို လူမှုရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်း ပြီး မိသားစုထံ အပ်နှံခဲ့သည်။ သိမ်းထားသည့် ယင်းဖုန်းကို ဇွန် လ ၂ ရက်တွင် Lock ဖွင့်ပြီး အ လိုအလျောက်ဖမ်းထားသည့် အ သံဖိုင်များကို နားထောင်မိခြင်း က ဒေါ်သန်းသန်းနုတို့ မိသားစုကို ဒုတိယအကြိမ် ဝမ်းနည်းနာကျင် စေခဲ့သည်။

မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် နယ်စပ်မူဆယ်မြို့ သို့ ကျွဲနှင့်နွားပို့ဆောင်သော ကား များကို ရှမ်းပြည်နယ် သီပေါနှင့် ကျောက်မဲမြို့နယ်ကြားတွင် ဒေ သတွင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သေ နတ်ဖြင့် ချောင်းမြောင်းပစ်ခတ်မှု သည် ၂၀၁၇ နောက်ပိုင်း မကြာ ခဏဖြစ်ပွားခဲ့သည်။ လက်နက် ကိုင်အဖွဲ့များက ကျွဲ၊ နွားတင် ဆောင်သော ကားများထံမှ ဒေသ အခေါ် ဆက်ကြေးတောင်းခံကြ ပြီး မပေးသော ကားများကို သေ နတ်ဖြင့် ချောင်းမြောင်းပစ်ခတ် ခြင်းဖြစ်သည်။ ၂၀၁၇ နှစ်လယ် ခန့်မှ ၂၀၁၉ မေလအထိ ပစ်ခတ် မှု ၁၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်ရှစ်ဦးခန့် သေဆုံးကာ အ နည်းဆုံးငါးဦး ဒဏ်ရာရခဲ့သည်။ မည်သည့်အဖွဲ့၏ လက်ချက်မှန်း အတိအကျမဖော်ထုတ်နိုင်ဘဲ အ ရေးယူနိုင်ခြင်းမရှိသည့် အဆိုပါ ပစ်ခတ်မှုများအတွင်း ရွှေဘိုနယ် တွင် လူချစ်လူခင်ပေါများလှသည့် ကိုဖက်တီး သေဆုံးမှုက ဟိုးလေး တကျော်ဖြစ်ခဲ့သည်။

မျက်နှာထား ပြုံးချိုချို၊ အ သားညိုညိုနှင့် ဝဝဖိုင့်ဖိုင့်၊ ထောင် ထောင်မောင်းမောင်း ကိုယ်ခန္ဓာ ပိုင်ရှင် အညာသား ကိုဇာနည်အောင်က ရွှေဘိုနယ်တွင် လူသိ များသူတစ်ဦးဖြစ်သည်။ ၎င်းကို ကိုဖက်တီးဟုသာ ချစ်စနိုးခေါ်ကြ သည်။ ဆယ်ကျော်သက် လူငယ်ဘဝတွင် အနည်းငယ် ဆိုးသွမ်းခဲ့သော်လည်း မိခင်ဖြစ်သူ ရင်သားကင်ဆာ ခံစားနေရသည်ဟု သိခဲ့ရသည့် လွန်ခဲ့သော ငါးနှစ်ခန့်က စကာ သားလိမ္မာအဖြစ်သို့ ရုတ် ချည်းပြောင်းလဲသွားခဲ့သည်။ မိခင်ကို အလွန်ဂရုစိုက်ပြီး မြို့နှင့်ပတ် သက်သော ရပ်ရေးရွာရေးတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ယခုစစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ဖြစ်နေသော ဒေါက် တာမြင့်နိုင် စီးသည့်ကားကို ပင် တိုင်မောင်းကာ ရွေးကောက်ပွဲ အောင်နိုင်ရေး နေ့မနား ညမနား ပါဝင်ခဲ့သူအဖြစ် လူသိများသည်။ ကိုဖက်တီး၏ ရုပ်အလောင်းကို ရွှေဘိုမြို့ရှိ သုသာန်တစ်ခုသို့ ပို့ ဆောင်ရာ လမ်းများယာယီပိတ် ဆို့သည်အထိ မြို့ခံအများအပြား က သူ၏နောက်ဆုံးခရီးကို လိုက် ပါပို့ဆောင်ခဲ့သည်။

ကိုဖက်တီးအား မကွယ်လွန်မီက တွေ့ရစဉ် (ဓာတ်ပုံ – ဦးညီညီ)

‘‘သူ့ရဲ့ Logo က သူသိပ်ချစ် တဲ့ NLD အမှတ်တံဆိပ်ကို အ ပြည့်ဆွဲထားတဲ့ ဆိုင်ကယ်ဦးထုပ် အကြီးကြီး အမြဲဆောင်းတတ် တယ်’’ဟု ရွှေဘိုမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုမောင်မောင်ဦးက ပြောသည်။

ယာဉ်မောင်းသည့်အလုပ် ကို မိဘများက မလုပ်စေချင်၍ တားမြစ်သည့်ကြားမှ သူဝါသနာ ပါသော ယာဉ်မောင်းခြင်းကို မိဘ များမသိအောင်လုပ်ခြင်းက ကို ဖက်တီးကို ကံဆိုးစေခဲ့သည်။ နွား တင်ဆောင်သည့်ကားကို မောင်း မည်ဟု မိဘများအား ပြောမသွား ဘဲ ရှမ်းမြောက်ဒေသသို့ ထွက် သွားခြင်းဖြစ်သည်ဟု ကိုယ်တိုင် ကားမောင်းသည့်အလုပ်ဖြင့် အ သက်မွေးသော်လည်း သားဖြစ်သူ ကို ကားမမောင်းစေချင်သည့် ကို ဖက်တီးဖခင် ဦးညီညီက ပြော သည်။

‘‘မိဘအပေါ်တင် မဟုတ်ဘူး။ ပတ်ဝန်းကျင်အတွက်ပါ သိပ် ကောင်းတဲ့ကလေးပါ။ တားနေ တဲ့ကြားက အခုလိုဖြစ်ရတာ’’ ဟု သားဖြစ်သူ၏ ဖြစ်ရပ်ဆိုးအတွက် ဦးညီညီက ဆိုသည်။

ကျွဲ၊ နွား တင်ဆောင်သော ကားများကို လက်နက်ကိုင်အဖွဲ့ များက ချောင်းမြောင်းပစ်ခတ်မှု သည် မိုင် (၃၀၀) ကျော်ရှည်သော မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမ၏ ကျောက်မဲနှင့် သီပေါ မြို့ကြားလမ်းပိုင်း၌ ဖြစ်သည်။ ယင်းဒေသတွင် RCSS, KIA, SSA, TNLA စသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ လှုပ် ရှားသည်ဟု ရှမ်းပြည်နယ်ရဲတပ် ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင် အောင်က ပြောသည်။ ပစ်ခတ်မှု များကို မည်သည့်အဖွဲ့က ကျူး လွန်ကြောင်း ရဲတပ်ဖွဲ့က မဖော် ထုတ်နိုင်သေးသလို မည်သည့် အဖွဲ့ကမျှ ၀န်ခံခြင်းမရှိပေ။ ပရမ်းပတာ ပစ်ခတ်မှုများအတွင်း သေ ဆုံးခဲ့ရသူတစ်ဦးချင်း၏ ကျန်ရစ် သူမိသားစုဝင်များသည် ဒုက္ခမျိုးစုံကြုံတွေ့ကြရသည်။ ယခု တစ်ကြိမ်တွင်မူ ကင်ဆာရောဂါ ဝေဒနာသည် အမျိုးသမီးကြီးတစ် ဦး၏ အားကိုးအားထားရာ သား လိမ္မာကို ကံဆိုးမိုးမှောင်ကျစေခဲ့ သည်။ အမေကိုချစ်သော သားက သေလုမျောပါးအချိန်ထိ မိခင်ဆီ အာရုံပြုနေခဲ့သည်။ မိုင်ပေါင်း များစွာဝေးကွာနေသော အရပ်မှ ဝေဒနာသည် မိခင်က ဖုန်းထဲမှ သားဖြစ်သူ၏အသံကို နားထောင် ရင်း အရူးမီးဝိုင်းဖြစ်ခဲ့သည်။ အ ဆိုပါအဖြစ်ဆိုးများကို သေနတ် သမားများက မသိကြ။ ရွှေဘို နယ်မှ ကင်ဆာရောဂါဝေဒနာ သည် အညာသူအမျိုးသမီးကြီး သည် ရှမ်းပြည်နယ် မြောက်ပိုင်း တစ်နေရာတွင် ဘ၀ဇာတ်သိမ်းခဲ့ ရသည့် သားဖြစ်သူအဖြစ်ဆိုးကို မေ့ပစ်ဖို့ကြိုးစားနေရင်း နာကျင် ခံရခက်လှသော ဝေဒနာတို့ကို တွန်းလှန်နေလေသည်။

ကိုဖက်တီးက မိခင်ထံ နောက်ဆုံး ဆက်သွယ်ပြောသွားခဲ့သော အသံဖိုင်ကို နားထောင်လိုက်ရသည့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

‘‘တော်တော်ဆိုးဆိုးကွာ။ သေနတ်နဲ့ပစ်တဲ့ကောင်တွေ မင်းတို့ လာနားထောင်ကြည့်ပါဦးကွာ’’

Leave a Reply

Your email address will not be published. Required fields are marked *