ဘေးတိုက်ကြည့်ရင် အဒေါ်ဖြစ်သူ အူဝဲနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ မေတိုးခိုင်ရဲ့ပုံရိပ်တွေ

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင်က အဒေါ်ဖြစ်သူရဲ့ ခြေရာကို အပြည့်အဝ နင်းနိုင်ပြီး အိန္ဒြာကျော်ဇင်လိုပဲ လူချစ်လူခင် များပြားလှသူပါ။ ပရိသတ်တွေ ချစ်ကြတဲ့ မေတိုးခိုင်က လက်ရှိမှာ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့သူလေးဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့တဲ့ မေတိုးခိုင်ကတော့ လတ်တလောမှာလည်း သူမရဲ့ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ အပီလန်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွက်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ အပီလန်းနေတဲ့ မေတိုးခိုင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

အဖြူရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ မေတိုးခိုင်ကတော့ ” Solo-lo lo lo 🎵😝😝 တစ်ယောက်ထဲပုံလေးတွေ ❤️ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မေတိုးရဲ့ အကြည့်တွေနဲ့ အရယ်အပြုံးတွေက လုံးဝကို ကြွေလောက်တဲ့ ပြစ်မျိုးမဲ့မထင် အလှမျိုးပါပဲနော်။

အဒေါ်ဖြစ်သူ အူဝဲနဲ့ ရုပ်ချင်းဆင်တဲ့အပြင် အဒေါ်ရဲ့ အနုပညာခြေရာကို နှင်းနိုင်မယ့် မေတိုးခိုင်ရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်း သဘောကျ အချစ်ပိုခဲ့ကြရတာပါနော်။

မေတိုးခိုင်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အူဝဲနဲ့ ရုပ်ချင်းဆင်ရုံတာမဟုတ်ဘဲ အမူအရာတွေ အိုက်တင်တွေပါ တစ်ထေရာတည်းဆင်တဲ့ မေတိုးခိုင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း အချစ်ပိုမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *