” အသက်သုံးဆယ်လောက်ရောက်မှ အချစ်တံခါးကိုဖွင့်မယ်ဆိုတဲ့ မေမြတ်နိုး “

သရုပ်ဆောင် မေမြတ်နိုးက ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ Miss Asia Pacific World 2014 ဆုရှင်ဖြစ်သလို Asia’s Next Top Model ရဲ့ ပြိုင်ပွဲဝင်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အိမ်မက်ဆုံရာအဆိုပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ အင်တာနေရှင်နယ် ကိုယ်လုံးကိုယ်ပေါက်အရပ်နဲ့ ထူးခြားတဲ့မျက်နှာသွင်ပြင်တို့ကြောင့် ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ သူမကမော်ဒယ်ပိုင်းမှာလည်းထူးချွန်တဲ့ အလှမယ်တစ်ယောက်ဖြစ်ပြီး အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းကိုပါ ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်ပြီးထက်ထက်မြက်မြက်နဲ့ အောင်မြင်တဲ့ အမျိုးသမီးဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှလေ့ရှိပါတယ်။

လတ်တလောမှာသူမအချစ်ရေးနဲ့ပတ်သက်ပြီး ချစ်ရမယ့်သူရှိလာလို့ ပြောပြလိုက်ရင်လည်းချပြလိုက်ရင်လည်း သူတို့ရတာမဟုတ်ဘူးမြတ်နိုးရတာလေ ။အရည်မရအဖတ်မရလို့ပြောလို့ရတယ်။ဘာကောင်းကျိုးမှမရဘူးလေ။ ပရိသတ်တွေဘာသိချင်ဆိုတာလည်းသိတယ်။ပရိသတ်သိချင်တာကိုပဲပြောပြမှာပါ။မြတ်နိုးကတော့Singleပါ။ Single is the best ပါ။ အချစ်ကအာရုံနောက်တယ်။ စိတ်ဝင်စားတဲ့သူကတော့ရှိမှာပါ။ မြတ်နိုးကိုယ်တိုင်ကစိတ်မဝင်စားလို့ပါ။အကယ်၍ မြတ်နိုးဘက်ကတံခါးဖွင့်ပေးလိုက်ရင်တော့လာမှာပေါ့လေ ။ မြတ်နိုးကိုယ်တိုင်ကတံခါးပိတ်ထားတဲ့သူဖြစ်နေလို့။ တံခါးကတော့ အသက်သုံးဆယ်လောက်မှဖွင့်ဖြစ်မယ်။”လို့သူမခံယူချက်ကိုပြောပြခဲ့ပါတယ်။

တစ်ချို့ Celebrity တွေက အင်တာဗျူးတွေရှောင်ကြတဲ့အပေါ်ကိုလည်း သူမအမြင်ကိုပြောပြခဲ့ပါသေးတယ်။” ပြောရမယ်ဆိုရင်ဘယ်သူ့ကိုမှစော်ကားတာမဟုတ်ပါဘူးနော်။အဓိကကအခုနောက်ပိုင်းမီဒီယာပိုင်းက ပေါ်ပင်ဘက်ကိုသွားနေကြတာများတယ်။ သူတို့ကလည်း တစ်ချို့ Facebook Cele တွေနဲ့ အယှဉ်မခံချင်တော့တာပါ။ ဘာစားတယ်ဘာသောက်တယ်။ ဘယ်သူနဲ့တွဲတာက ဘယ်သူအတွက်မှ အကျိုးမရှိလို့ မြတ်နိုးဆိုလည်း မီဒီယာမှာဘာမှမတင်ပါဘူး ။အချစ်ရေးနဲ့ပတ်သက်သမျှတွေရောဘာမှမတင်ဘဲ မြတ်နိုးလုပ်တဲ့အလုပ်တွေပဲ တင်ပါတယ်။” လို့ပြောပြခဲ့ပါတယ်။ပရိသတ်ကြီးရော မေမြတ်နိုးခံယူချက်နဲ့ အနုပညာကိုအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *