ဟာဇက်ဟာ နေမာထက်ပိုကောင်းတယ်ဆိုတာ သက်သေပြနေတဲ့အချက်များ

ဘယ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားသမားဟာဇက်ဟာ စပိန်လာလီဂါကလပ်ရီးရဲကိုအပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါပြီ။ ရီးရဲဟာ နေမာကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဟာဇက်ကိုပဲ ခေါ်ယူခဲ့တာပါ။ ဒါကြောင့် ကျွမ်းကျင်သူတွေက ရီးရဲအနေနဲ့ နေမာကိုကျော်ပြီး ဟာဇက်ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြလာကြပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေ သုံးသပ်ထားတဲ့ ဟာဇက်ဟာ နေမာထက် ပိုကောင်းတယ်ဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

အသင်းကိုသာ အဓိကဦးစားပေးမှု

နေမာနဲ့ ဟာဇက်တို့ကြားက အဓိကခြားနားချက်ကတော့ အသင်းအပေါ်ဦးစားပေးမှုပါ။ ဟာဇက်ဟာ အသင်းဖော်တွေ ယုံကြည်ရတဲ့ ကစားမားတစ်ယောက်ဆိုတာ မမှားပါဘူး။ နေမာဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဆိုပေမယ့် တချို့ပွဲတွေမှာ သူ့ရဲ့မလိုလားတဲ့ တစ်ကိုယ်ကောင်းဆန်မှုက အသင်းကိုထိခိုက်စေခဲ့ပါတယ်။

ဟာဇက်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဟာဇက်ဟာ အထောင်တိုက်စစ်၊ တောင်ပံဘယ်နေရာမှာ ကစားရရ ညဉ်းညူနေတတ်သူမဟုတ်ဘဲ အသင်းအတွက်ပဲ ခေါင်းထဲထည့်ထားသူဆိုတာ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီ။ ဟာဇက်ဟာ နည်းပြအမျိုးမျိုးနဲ့ နည်းစနစ်အောက်မှာ အံ့ဝင်လိုက်ဖက်စွာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

စည်းကမ်းပိုင်းဆိုင်ရာ

စည်းကမ်းပိုင်းဆိုင်ရာမှာလည်း ဟာာဇက်ဟာ သိသိသာအသာရနေပါတယ်။ မလိုလားအပ်တဲ့ဟန်ဆောင်မှုတွေက နေမာရဲ့ပုံရိပ်ကို လုံးဝဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားက နေမာရဲ့လုပ်ရပ်တွေ ကို ဘောလုံးပရိသတ်တွေအားလုံးက အမှတ်ရနေဆဲပါ။ ဟာဇက်ကတော့ စည်းကမ်းပိုင်းဆိုင်ရာ ကောင်းမွန်သူလို့ ပြောလို့ရတဲ့အထဲမှာ ပါဝင်ပါတယ်။

ပွဲကြီးတွေမှာ လွှမ်းမိုးမှု

နေမာဟာ ပွဲကြီးတွေဟာ အသင်းကိုကယ်တင်နိုင်တာ ရှားပါတယ်။ အရေးကြီးပြီး မဖြစ်မနေ အနိုင်ရရမယ့်ပွဲစဉ်မျိုးတွေမှာ နေမာဟာ ဒဏ်ရာရသွားတာ၊ ခြေစွမ်းမပြနိုင်တာ စသဖြင့် တစ်ခုမဟုတ်တစ်ခုဖြစ်နေကျပါ။ ဟာဇက်ကတော့ ပွဲကြီးတွေမှာ အသင်းရဲ့ ပွဲအဖြေလှည့်ပြောင်းပေးနိုင်သူပါ။ နောက်ဆုံးပူပူနွေးနွေး ရယူထားနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဖလားက အကောင်းဆုံးသက်သေပြပါ။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဲဒီတုန်းက ဟာဇက်က နေမာကို အလဲထိုးကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *