သတင်းထောက်အမျိုးသမီးနဲ့ လက်ရဲဇက်ရဲနိုင်စွာ ပြုမူခဲ့တဲ့ မန်စီးတီးကစားသမား

ယူကရိန်းနဲ့ ဆားဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာတော့ အိမ်ရှင်ယူကရိန်းအသင်းက ခြေစွမ်းပြကစားပြီး ၅-၀ ဆိုတဲ့ရလဒ်နဲ့အပြတ်အသက်အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းကြယ်ပွင့်ဇင်ချန်ကိုဟာ မိနစ် (၉၀) ပြည့်ပါဝင်ကစားခဲ့ပြီးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အဲဒီလိုခြေစွမ်းပြပြီး အသင်းလည်းဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် ဇင်ချန်ကိုတစ်ယောက် ပျော်မဆုံးဖြစ်နေပုံပါပဲ။

ဒါကြောင့် ဇင်ချန်ကို ပွဲအပြီးပြုလုပ်တဲ့ အင်တာဗျူးမှာတော့ အားလုံးအံ့အားသင့်စေလောက်တဲ့ ထူးဆန်းတဲ့အမူအရာကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဇင်ချန်ကို သတင်းထောက်အမျိုးသမီးရဲ့ပါးကို နမ်းခဲ့တာပဲ ဖြစ်ပါတယ်။

သတင်းထောက်အမျိုးသမီးဟာ ပွဲစဉ်အကြောင်း ဇင်ချန်ကိုကို မေးမြန်းရာမှာတော့ ဇင်ချန်ကိုဟာ ရုတ်တရက် ဆိုသလို သူမရဲ့ပါးကိုနမ်းခဲ့ပြီး မေးခွန်းကိုဖြေကြားခြင်းမရှိဘဲ ထွက်သွားခဲ့ပါတယ်။

ဇင်ချန်ကိုရဲ့လုပ်ရပ်ကြောင့် သတင်းထောက်အမျိုးသမီးဟာ ရှက်သွေးဖြာသွားခဲ့ရပြီး စကားတွေတောင် အယောင်ယောင်အမှားမှားဖြစ်ခဲ့ရပါတယ်။ အဲဒီဗီဒီယိုဖိုင်အွန်းလိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ ပရိသတ်တွေက သဘောကျခဲ့ပြီး ဇင်ချန်ကိုကို စနောက်ခဲ့ကြပါတယ်။ တချို့ကလည်း ဇင်ချန်ကိုရဲ့ လက်ရဲဇက်ရဲနိုင်မှုကို အံ့အားသင့်ခဲ့ကြပါတယ်။

သတင်းထောက်အမျိုးသမီးကို နမ်းခဲ့တဲ့ ဇင်ချန်ကို

Leave a Reply

Your email address will not be published. Required fields are marked *