ဘရာဇီးမော်ဒယ်ရဲ့ တင်ပါးမှာ အမာရွတ်အများအပြားတွေ့ရှိတယ်လို့ ဆရာဝန် သက်သေထွက်ဆို

ဘရာဇီးတိုက်စစ်မှူးနေမာရဲ့အရှုပ်တော်ပုံဇာတ်လမ်းကတော့ တစ်နေ့တစ်ခြား တစ်စထက်တစ်က ကြီးထွားလာလို့နေပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ မေလအတွင်းက ဘရာဇီးမေယ်ဒယ်ထရန်ဒက်ဒီကို ပါရီမြို့ကတည်းခိုခန်းတစ်ခုမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူပါ။ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့က ထရန်ဒက်ဒီဟာ ရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးပြုလုပ်ကာ နေမာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

သူအနေနဲ့ နေမာကို ဆွဲဆောင်ခဲ့ပြီး ချစ်တင်းနှောဖို့ ဆုံးဖြတ်ခဲ့ကြောင်းထရန်ဒက်ဒီက ၀န်ခံသွားခဲ့တာပါ။ ဒါပေမယ့် နေမာဟာ သူမကို ရိုက်နှက်မှုတွေပြုလုပ်ပြီး အကာအကွယ်မယူဘဲ အတင်းအဓမ္မကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စဟာ ဘောလုံးပရိသတ်တွေကြားမှာ တစ်စတစ်စ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး နေမာအနေနဲ့ အမှန်တကယ်ပြုမှုခဲ့သလား၊ ထရန်ဒက်ဒီအနေနဲ့ လိမ်ညာပြောဆိုနေတာလားဆိုတာ စိတ်ဝင်စားနေကြတာပါ။ ထရန်ဒက်ဒီအနေနဲ့ မေလ (၂၁) ရက်နေ့က ပထမဆုံးဆေးစစ်မှုခံယူခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးတဲ့နေရမှာ ထရန်ဒက်ဒီရဲ့ တင်ပါးနဲ့ ခြေထောက်တို့မှာ အမာရွတ်ဒဏ်ရာအများအပြားတွေ့ရှိခဲ့ပြီး ထရန်ဒက်ဒီအနေနဲ့ ကိုယ်အလေးအချိန်လည်းလျော့ကျသွားခဲ့ကာ ၀မ်းဗိုက်လည်းနာကျင်နေတယ်လို့ ရှာဖွေ့တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က Pravite ဆရာဝန်တစ်ယောက်က ရဲတပ်ဖွဲ့ထံလာရောက် သက်သေထွက်ဆိုကာ အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် UOL Esporte က ဖော်ပြချက်အရတော့ ထရန်ဒက်ဒီရဲ့ ကိုယ်မှာဘယ်လိုဒဏ်ရာမျိုးမှ ရှိမနေဘူးလို့ စစ်ဆေးချက်တွေမှာ တွေ့ရှိရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ထရန်ဒက်ဒီရဲ့ကိုယ်မှာ နေမာကြောင့် ဒဏ်ရာအမှန်အကန် ရှိ၊ မရှိကို ရဲတပ်ဖွဲ့ဝင်တွေက အတည်ပြုဖို့ ကြိုးပမ်းနေကြဆဲပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *