တက္ကသိုလ်ဝင်တန်း ဒုတိယအကြိမ်ဖြေဆိုမှုမှာအောင်မြင်ခဲ့ ကလေးသရုပ်ဆောင် အိန္ဒြာမိုးမြင့်

သရုပ်ဆောင်တဲ့ နေရာမှာ အဆိုအပြောမလိုရအောင် ခပ်စွာစွာနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ပြသပေးနိုင်ခဲ့တဲ့ ကလေးသရုပ်ဆောင် အိန္ဒြာမိုးမြင့်ကို ပရိသတ်တွေ သိရှိကြမယ်လို့ ထင်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာပါပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ဖြစ်ခဲ့တဲ့ သူမကတော့ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းစာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ တက္ကသိုလ်စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ အိန္ဒြာမိုးမြင့်ကတော့ ” 💓ငယ့်ကိုစာမေးပွဲအတွက် ဆုတောင်းပေးကြသော ငယ့်ရဲ့မိသားစုများ😘 ဘုန်းဘုန်းများ😊ငယ့်ရဲ့ချစ်ရသောWe Loveများ😍မေမေ့ရဲ့သူငယ်ချင်းများ😌ငယ့်ရဲ့သူငယ်ချင်းများ😄ငယ့်ရဲ့Fb AccမှFriendများ😜ငယ့်ကိုယနေ့အထိမမေ့ဘဲ ချစ်ခင်အားပေးကြသောငယ့်ရဲ့ ပရိသတ်ကြီးအားလုံး😄ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်💕💕💕 Baby Nge💞 ” ဆိုပြီး သူမရဲ့ဖေ့ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင် အိန္ဒြာမိုးမြင့်က လွန်ခဲ့တဲ့နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သချာင်္ဘာသာနဲ့ ကျခဲ့ပေမယ့်လည်း မလျှော့သောဇွဲနဲ့ ဆက်လက်ကြိုးစားအားထုတ်ခဲ့မှုကြောင့် ဒီနှစ်မှာ အခက်အခဲမရှိဘဲ ဖြေဆိုအောင်မြင်ခဲ့တယ်လို့ သိရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။

အိန္ဒြာမိုးမြင့် ကိုယ်တိုင်ကလည်း တော်တော်လေးပျော်နေသလို သူမရဲ့ မိသားစုဝင်တွေနဲ့ သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အရမ်းကို ဝမ်းသာဂုဏ်ယူနေကြတာကို တွေ့ရပါတယ်။

မလျှော့သောဇွဲနဲ့ ကြိုးစားအားထုတ်ခဲ့မှုကြောင့် ဒုတိယအကြိမ်ဖြေဆိုတဲ့ တက္ကသိုလ်ဝင်စားမေးပွဲကြီးမှာ အခက်အခဲမရှိအောင်မြင်ခဲ့တဲ့ ကလေးသရုပ်ဆောင် အိန္ဒြာမိုးမြင့်အတွက် ပရိသတ်တွေလည်း ဝမ်းသာဂုဏ်ယူမိမယ်လို့ ထင်ပါတယ်။ မအောင်လို့ စိတ်ဓာတ်ကျနေမယ့်အစား ခံပြင်းစိတ်နဲ့ ဆက်ကြိုးစားရင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သွားခဲ့ရတဲ့ အိန္ဒြာမိုးမြင့်ကို အချစ်ပိုမိတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်ချစ်ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *