ဂုဏ်ထူးမပါလို့ စိတ်မကောင်းဖြစ်နေတဲ့သမီးလေးကို ဂုဏ်ပြုအားပေးစကားပြောလိုက်တဲ့ သျှန်ထွန်း ( မြန်မာစာ )

တက္ကသိုလ်ဝင်စာမေးပွဲ(၂၀၁၈ – ၂၀၁၉ ) ခုနစ်အောင်စာရင်းကို မနေ့က ၈.၆.၂၀၁၉ မှာ ကျောင်းသားကျောင်းသူတွေ သိရှိခဲ့ကြတာပဲဖစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘဝတစ်ခုရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ့် အထိမ်းအမှတ်တစ်ခုဆိုလည်းမမှားပါဘူးနော်။ အောင်မြင်တဲ့သူတွေရှိသလိုကျရှုံးတဲ့သူများလည်းရှိခဲ့ ကြပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မှုတွေ ခံစားခဲ့ ကြရတာက ကျောင်းသားကျောင်သူတွေသာမက မိဘတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေထဲက မြန်မာသံစဉ် တေးရေးတေးဆို သျှန်ထွန်း ( မြန်မာစာ) ရဲ့ သမီးလေးလည်းအပါအဝင်ပဲ ဖြစ်ပါတယ်။

နှစ်ချင်းပေါက်အောင်မြင်ခဲ့ပေမယ့် ဂုဏ်ထူးမပါလို့ စိတ်မကောင်း ဖြစ်နေတယ့်သမီးလေးကို ” ထမင်းတစ်လုပ်ကျွေးဘို့တေးတစ်ပုဒ်ရေးကာ အလေးထားလို့ငွေရှာမအား သားနဲ့သမီးအတွက် မငြီးရက်ခဲ့ဘူး။ထီးတစ်လက်ဖြစ်ကာအေးမြလာချိန် အဖေအိမ်မှာရှိချင်မှရှိတော့မယ်။အနုပညာဆည်းဆာရိပ်မှာ တီးကာတိတ်ဆိတ် တေးချင်းဆက်ကာရေးလို့ပေါ့ ။ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတဲ့အချိန်တွေ ငွေတွေ ပူပန်မှုတွေ ကင်းစေခဲ့ပြီချစ်တဲ့သမီး ခရီးဆက်မည့် သမီးအတွက်အဖေပိုအားစိုက်ရမယ်။ခရီးမဆုံးသေး သားငပြုံးလေးအတွက်လည်း အဖေပိုအားထည့်ရမယ်။သားဟာ အား ဖြစ်ချိန် အဖေ စံဖြစ်ချင်မှစံဖြစ်မယ်။သမီးဟာထီးဖြစ်တဲ့အချိန် အဖေအရိပ်ခိုချင်မှခိုဖြစ်မယ်။အတောင်အလက်စုံ လူဘုံအလယ်မှာမငယ်စေရ မျက်နှာလှဘို့ အဖေဆက်ကြိုးစားနေမယ်။အဖေဆက်ကြိုးစားပေးမယ်။(စာမေးပွဲအောင်တဲ့သမီးအတွက်..အဖေ့လက်ဆောင်) ” ဆိုပြီး သျှန်ထွန်း ( မြန်မာစာ ) ကသူ့သမီးအတွက် ဂုဏ်ပြုလက်ဆောင်စာလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့သမီးလေးဖြစ်ချင်တဲ့ရည်မှန်းချက်အတွက် ပံ့ပိုးနိုင်ဖို့ အားအင်တွေအပြည့်ရှိနေတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာကို စာဖတ်သူတိုင်း ခံစားမိမှာဖြစ်ပါတယ်။ပရိသတ်ကြီးရော သျှန်ထွန်း (မြန်မာစာ) ရဲ့ သမီးလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *